Monday, September 24, 2018
Boom အကြောင်း ၂
Zawgyi
Boom ရဲ့Structure ကိုပြောပြီးပြီဆိုတော့ ဘယ်နေရာတွေမှာ အသုံးပြုလည်းဘယ်လိုအသုံးပြုလည်းဆိုတာကို Detail နည်းနည်းပြောပြပါ့မယ်။
Boom Mic များကို Camera frame တွေရဲ့အပြင်ဘက်မှာရှိနေစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ဖန်တီးခဲ့ကြတာဖြစ်ပြီးဝေးနိုင်သမျှဝေးဝေးကနေအသံပြောင်းလဲမှုမရှိပဲဖမ်းယူနိုင်အောင်တည်ဆောက်ထားပါတယ်။ Boom Mic များဟာ small diaphgram condenser Mic အမျိုးအစား ဖြစ်တဲ့အတွက်ကြောင့် low frequency တွေကိုဖမ်းယူဖို့တည်ဆောက်ထားတာ မဟုတ်တဲ့အတွက် soure နဲ့နီးကပ်နေစရာ လုံးဝ လိုအပ်ပါဘူး။ Boom Micအများစုကိုတော့ Film နဲ့ Documentary တွေမှာအတွေ့များမှာပါ။ သတင်းတွေ၊ Indoor program တွေမှာလည်း အသုံးပြုကြပါတယ်။
Booming ပြုလုပ်တဲ့အခါမှာ handle boom operate နဲ့ Fisher boom operate ဆိုပြီးနှစ် မျိုးရှိပါတယ်။ Handle boom operation ကတော့ boom operator ကိုယ်တိုင် Boom pole ကို လက်နှစ်ဖက်နဲ့ထမ်းပြီး ချိန်ညှိဖမ်းယူပေးရတာဖြစ်ပါတယ်။ များသော အားဖြင့် Outdoor တွေ ရွေ့လျားပြီးရိုက်ရတဲ့moment တွေပါတဲ့အခါအသုံးပြုကြပါတယ်။ 
Light weight ဖြစ်တယ် Flexible ဖြစ်တယ်ဆိုပေမယ့် operator ကို တကယ်ပင်ပန်းစေပြီးတော့ လက်မောင်းကြွက်သားသန်မာမှသာ အချိန်ာကြာကြာ ထိန်းညှိနိုင်မှာဖြစ်ပါတယ်။ Fisher boom operator ကတော့ Indoor တွေ မှာ မိနစ်တွေ နာရီတွေနဲ့ချီပြီး မနားတမ်းရိုက်ကူးကြတဲ့အခါမှာ အသုံးများ ကြပါတယ်။ Boom လက်တံရှည်ပြီးတော့ Film မှာဆိုရင်တော့ extreme wide shoot တွေမှာအများဆုံးတွေ့ရပါတယ်။ 
Boom MIc တွေကို ပုံမှန်အားဖြင့် Dialogue (ပြောစကား) capture ပြုလုပ်ရာမှာ အများဆုံး အသုံးပြုနိုင်အောင် ဖန်တီးထားကြတာဖြစ်ပါတယ် ။
အိုခေ ကျွန်တော်တို့ Boom Mic တွေကိုရွေးချယ်တော့မယ်ဆိုရင်တော့ Lobar သို့ non-lobar ကိုရွေးရပါတော့မယ်။ Noise တွေကို အသက်သာဆုံးဖြစ်အောင်လျှော့ပေးနိုင်တဲ့ Lobar တွေကို Outdoor နဲ့ Unwanted Noise Cancellation ဖြစ် အောင် အသံဖမ်းရာမှာ အသုံးများကြပြီး Camera wide ဖြစ်လေ Lobar ကိုရှည်ရှည်သုံးပြီး လူထူထပ်ပြီးဆူညံလေ Lobar ကိုရှည်ရှည်သုံးသင့်တယ်လို့ ညွှန်းဆိုပါရစေ။သို့ပေမယ့် Long lobar Boom Mic တွေဟာ High directionality ဖြစ်လွန်းတော့ လိုချင်တဲ့အသံကို အတိအကျ ရဖို့ တော်တော်လေးကို ခက်ခဲပါတယ်။
နောက်တစ်ပိုင်းကို တော့ Lobar နဲ့ဆက်နွယ်နေတဲ့အကြောင်းလေးတွေကိုဆက်ပြီးတော့ရှင်းပြပေးပါ့မယ်။
Unicode
Boom ရဲ့Structure ကိုပြောပြီးပြီဆိုုတော့ ဘယ်နေရာတွေမှာ အသုုံးပြုလည်းဘယ်လိုုအသုုံးပြုလည်းဆိုတာကို Detail နည်းနည်းပြောပြပါ့မယ်။
Boom Mic များကို Camera frame တွေရဲ့အပြင်ဘက်မှာရှိနေစေချင်တဲ့ရည်ရွယ်ချက်တွေနဲ့ ဖန်တီးခဲ့ကြတာဖြစ်ပြီးဝေးနိုုင်သမျှဝေးဝေးကနေအသံပြောင်းလဲမှုမရှိပဲဖမ်းယူနိုုင်အောင်တည်ဆောက်ထားပါတယ်။ Boom Mic များဟာ small diaphgram condenser Mic အမျိုုးအစား ဖြစ်တဲ့အတွက်ကြောင့် low frequency တွေကိုုဖမ်းယူဖိုု့တည်ဆောက်ထားတာ မဟုုတ်တဲ့အတွက် soure နဲ့နီးကပ်နေစရာ လုုံးဝ လိုုအပ်ပါဘူး။ Boom Micအများစုုကိုုတော့ Film နဲ့ Documentary တွေမှာအတွေ့များမှာပါ။ သတင်းတွေ၊ Indoor program တွေမှာလည်း အသုုံးပြုကြပါတယ်။
Booming ပြုလုုပ်တဲ့အခါမှာ handle boom operate နဲ့ Fisher boom operate ဆိုုပြီးနှစ် မျိုုးရှိပါတယ်။ Handle boom operation ကတော့ boom operator ကိုုယ်တိုုင် Boom pole ကိုု လက်နှစ်ဖက်နဲ့ထမ်းပြီး ချိန်ညှိဖမ်းယူပေးရတာဖြစ်ပါတယ်။ များသော အားဖြင့် Outdoor တွေ ရွေ့လျားပြီးရိုုက်ရတဲ့moment တွေပါတဲ့အခါအသုုံးပြုကြပါတယ်။
Light weight
ဖြစ်တယ် Flexible ဖြစ်တယ်ဆိုုပေမယ့် operator ကိုု တကယ်ပင်ပန်းစေပြီးတော့ လက်မောင်းကြွက်သားသန်မာမှသာ အချိန်ာကြာကြာ ထိန်းညှိနိုုင်မှာဖြစ်ပါတယ်။ Fisher boom operator ကတော့ Indoor တွေ မှာ မိနစ်တွေ နာရီတွေနဲ့ချီပြီး မနားတမ်းရိုုက်ကူးကြတဲ့အခါမှာ အသုုံးများ ကြပါတယ်။ Boom လက်တံရှည်ပြီးတော့ Film မှာဆိုုရင်တော့ extreme wide shoot တွေမှာအများဆုုံးတွေ့ရပါတယ်။
Boom MIc
တွေကိုု ပုုံမှန်အားဖြင့် Dialogue (ပြောစကား) capture ပြုလုုပ်ရာမှာ အများဆုုံး အသုုံးပြုနိုုင်အောင် ဖန်တီးထားကြတာဖြစ်ပါတယ် ။
အိုခေ  Boom Mic တွေကိုုရွေးချယ်တော့မယ်ဆိုုရင်တော့ Lobar သိုု့ non-lobar ကိုရွေးရပါတော့မယ်။ Noise တွေကို အသက်သာဆုုံးဖြစ်အောင်လေ ျှာ့ပေးနိုုင်တဲ့ Lobar တွေကိုု Outdoor နဲ့ Unwanted Noise Cancellation ဖြစ် အောင် အသံဖမ်းရာမှာ အသုုံးများကြပြီး Camera wide ဖြစ်လေ Lobar ကိုုရှည်ရှည်သုုံးပြီး လူထူထပ်ပြီးဆူညံလေ Lobar ကိုုရှည်ရှည်သုုံးသင့်တယ်လိုု့ ညွှန်းဆိုုပါရစေ။သိုု့ပေမယ့် Long lobar Boom Mic တွေဟာ High directionality ဖြစ်လွန်းတော့ လိုုချင်တဲ့အသံကိုု အတိအကျ ရဖိုု့ တော်တော်လေးကိုု ခက်ခဲပါတယ်။
 Non-Lobar
ဆိုုရင်တော့ Lobar နဲ့ဆန့်ကျင်ဘက် shooting Studio လိုု soundproof ဖြစ်တဲ့နေရာတွေ ဒါမှမဟုုတ် အရမ်းတိတ်ဆိတ်တဲ့ Outdoor တွေမှာသာ အသုုံးများကြပါတယ်။ အားနည်းချက်ကတော့ source နဲ့ဝေးလာလေ source signal အားနည်းလေဖြစ်ပါတယ်။ တခြားသော Instrument recording တွေမှာလည်း non-lobar ကိုုသုုံးစွဲကြတာ တွေ့ဖူး မြင်ဖူးကြမှာပါ။
နောက်တစ်ပိုုင်းကိုု တော့ Lobar နဲ့ဆက်နွယ်နေတဲ့အကြောင်းလေးတွေကိုုဆက်ပြီးတော့ရှင်းပြပေးပါ့မယ်။
No comments:
Post a Comment