Thursday, September 13, 2018


Zawgyi
အသံနဲ႔ပတ္သတ္လာရင္ သိသာျမင္သာ ေတာ္ေတာ္မ်ားမ်ားအေလးအနက္ထားလာတဲ့ေခတ္မွာ Film, Movie, Documentary ေတြနဲ႔ပတ္သတ္တဲ့ အေရးႀကီး အခ်က္ေတြကိုရွင္းျပခ်င္တဲ့ဆႏၵေလးျဖစ္လာလို႔ ေရးလိုက္တာပါ။

Film, Movie, Documentary အသံမွာ အဂၤါရပ္၅ရပ္လိုအပ္ပါတယ္ (႐ုပ္ရွင္ကို အသားေပးၿပီးရွင္းျပပါရေစ)။
နံပါတ္၁၊ Dialogue
နံပါတ္၂၊ Music
နံပါတ္၃၊ Foley
နံပါတ္၄၊ Sound effect
နံပါတ္၅၊ Atmospheric (သို႔) ambient တို႔ပဲျဖစ္ပါတယ္

‌Dialogue ကေတာ့ ဘယ္လို ႐ုပ္သံအစီစဥ္ပဲျဖစ္ျဖစ္ အင္မတန္အေရးပါပါတယ္။ သိလိုတဲ့information ကိုတိုက္ရိုက္ (တစ္ခ်ိဳ႕က အ႐ုပ္နဲ႔အသံ information ေပးတာ 30:70 တစ္ခ်ိဳ႕ကေတာ့ 50:50 လို႔ဆိုလို) ေပးတာပါပဲ။ ဒါေၾကာင့္ loud and clear ျဖစ္ဖို႔ အလိုအပ္ဆံုးပါ။ဒါကေတာ့ ရွင္းပါတယ္ ဒီမွာ ေရႊေခတ္လို႔ဆိုတဲ့အခ်ိန္ကေန ခုခ်ိန္ထိ ၿပီးျပည့္စံုေအာင္ မလုပ္ေဆာင္ႏိုင္ၾကေသးပါဘူး။

ဘာျဖစ္လို႔လဲေမးရင္ အင္မတန္ လြယ္ကူတယ္ဆိုတဲ့အထင္နဲ႔ ဒီေလာက္ဆိုရပါၿပီဆိုၿပီး ေလာဘ နည္းခဲ့ၾကလို႔ပါ။ ႐ုပ္ရွင္ Dialogue ဖမ္းတဲ့ေနရာမွာ location sound recording နဲ႔ post recording (ADR - automatic dialogue replacement) ႏွစ္မ်ိဳး လုပ္ကိုင္ၾကပါတယ္။ location sound recording ကိုေတာ့ ျပည္တြင္းမွာေတာ့ ၁၀၀% မွ ၉၀% အသံုးျပဳၾကၿပီး Thought Voice နဲ႔ Voice Over ေတာင္ ျဖစ္သလိုသာ အသံဖမ္းခဲ့ၾကပါတယ္။ နိုင္ငံတကာမွာေတာ့ ၇၀% မွ ၅၀% အသံုးျပဳၾကပါတယ္။

ျပည္တြင္းအသံုးျပဳမႈေတြမွာ၁၀၀% အျပည့္သံုးတာ စင္းလံုးေခ်ာေကာင္းလို႔ မဟုတ္ပါဘူး။ ADR ကိုေတာ့ ကုန္က်စရိတ္၊ နည္းပညာအလွမ္းေဝးျခင္း၊ အခ်ိန္ကုန္ျခင္းတို႔ေၾကာင့္ မတတ္သာမွသာ ထိေတြ႕ၾကလို႔ ေစ်းကြက္လိုအပ္ခ်က္မရွိတာေၾကာင့္ ဘယ္သူမွ တစ္စင္ေထာင္ ၿပီး စီးပြားေအာင္မလုပ္ႏိုင္ၾကပါဘူး။ အခုအခါမွာေတာ့ Dubbingေတြကို entertainment ေတြ၊Production ေတြက လိုအပ္လာခဲ့အခါ ဒါကိုအားျပဳတဲ့ Dubbing studio ေတြေပၚလာပါၿပီ။ အားရစရာ professional အဆင့္ေရာက္ဖို႔ေတာ့ အခ်ိန္ေပးရအံုးမွာပါ။

ဒါကေတာ့ ႏိုင္ငံတကာမွာလဲ ADR ကို ငရဲခန္းလိုေၾကာက္လန္႔ၾကပါတယ္။ သရုပ္ေဆာင္က တစ္ထပ္တည္းက်ေအာင္ effort ကို အျပည္႔ထည့္ရပါတယ္ breathing (ေမာရင္ေမာသလို၊ေျပးရင္လည္းတကယ္ေျပးျပီး သရုပ္ေဆာင္)ထည့္ရတာေတြ၊ fight scene ကပံုအတိုင္းတစ္ထပ္တည္းက်တဲ့အာေမကဋိတ္ေတြကအစအျပည္႔သရုပ္ေဆာင္ရျပီး sync ျဖစ္ေအာင္ အသံသရုပ္ေဆာင္ရတာမို႔ professionalေတြေရာ အနုပညာေက်ာင္းဆင္းေတြပါ ကၽြတ္ၾကပါတယ္။ ဒါအျပင္ ADR editor ကလည္း scene ရဲ႕ေနရာအေပၚမူတည္ျပီး effect ေတြ processor ေတြသံုးရတာေၾကာင့္ ကၽြမ္းက်င္မႈမရွိရင္ အံဝင္ဂြင္က်မျဖစ္ပါဘူး။ ဒါေၾကာင့္လည္း ရိုက္ကူးေရးမွာ အျပီးဖမ္း ျဖစ္သလိုဖမ္းေတြျဖစ္လာတာပါ။

Music(သို႔)Music score/Background score ကဒုတိယအေရးအၾကီးဆံုးနဲ႔ emotion/feeling ကိုသရုပ္ေဖာ္တဲ့ေနရာမွာ အရမ္္္းကိုအေရးပါပါတယ္။ သရုပ္ေဆာင္အတြက္ မ်က္လံုးဆိုရင္ အသံအတြက္ Music ပါပဲ ဒါဆိုရင္ေတာ့ရွင္းမွာပါ။ Music ကိုေတာ့ စကားသံမပါတဲ့ black and white ကတည္းက Screen ေအာက္နားမွာ Live တီးျပီးျပခဲ့တာေတြ ကၽြန္ေတာ္တို့ ဘိုးဘြားေတြမွီခဲ့ပါတယ္။ နိုင္ငံတကာနဲ႔ုယွဥ္မယ္ဆိုရင္ ဒီအပိုင္းနဲ႔သြားယွဥ္လို႕ရမွာပါ။ Copyright လြတ္ေအာင္ေတာ့ေရြးသြားေပါ့။ ဒါေပမယ့္ တစ္ခ်ိဳ႔ေတြမွာေတာ့ film scoring ရဲ႕အေရးၾကီးတဲ့အခ်က္ေတြကေတာ့ နည္းနည္းလြဲေခ်ာ္ေနဆဲပါပဲ။ music score မွာ သီခ်င္းေတြမူပိုင္ဝယ္ျပီး အစအဆံုးကိုသံုးခါေလာက္ထည့္သံုးျပီးေတာ့ လြမ္းသလားမသိေပ်ာ္သလားမသိ ကလည္းဒီသီခ်င္း feel ေကြးျပီးလမ္းေလ ွ်ာက္လည္းဒီသီခ်င္း composer ေတြေသသြားေနျပီလားမသိေအာင္ ရုပ္ရွင္ဇာတ္ကားေတြမွာ Editor ေတြကို ဒုကၡေပးျပီး professional မဟုတ္တဲ့အလုပ္နဲ႔အရွက္ကြဲေအာင္လုပ္တာက အဆိုးဆံုးပါပဲ။

 သီခ်င္းေတြေစ်းသက္သာတဲ့နိုင္ငံမွာ OST ေလးေတာ့ဝယ္သင့္တယ္ထင္ပါတယ္။ Feeling က ရုပ္ရွင္အတြက္ အေရးပါေနတာကို music မွာေပါ့ေလ ွ်ာ့ရင္ေတာ့ လက္လက္ဆက္ဆက္ပင္လယ္စာဟာ ေရလံုျပဳတ္လိုျဖစ္ေစပါလိမ့္။ Digital ေခတ္မွာေတာ့ Scoring အတြက္ DAW ေတြ effect နဲ႔ composer software ေတြေတာ္ေတာ္ေပါမ်ားလာတာက Budget ေခၽြတာျပီးလုပ္ေနရတဲ့ တက္သစ္စ composer ေတြအတြက္ ကံေကာာင္းျခင္းပါပဲ။ Music Theory ကေတာ့ ကၽြမ္းက်င္တဲ့အပိုင္းမဟုတ္လို႔ေရးဖို႔လက္ေရွာင္ပါရေစ။

Foley ကေတာ့ရိုက္ကူးေရးျပီးလို႔ post production level ေရာက္မွသာ လိုအပ္သမ ွ်အသံအကုန္လံုးကို အသံတုျပန္လုပ္ျပီး ျဖည့္ဆည္းေပးရတာပါ။ (Foley ကို အသံတုလို႔ေတာ့ မသံုးပါရေစနဲ႔။ ၁၉၂၇ The Jazz Singer ဆိုတဲ့ကို Warner Bros ကပထမဦးစြာ အသံစနစ္နဲ႔ထုတ္လိုက္တဲ့အခ်ိန္မွာ Universal က Radio လုပ္ငန္းအေတြ႔အၾကံဳရွိတဲ့ဝန္ထမ္းေတြကိုေခၚယူတဲ့အခ်ိန္ကစျပီး Universal ကို Jack Donovan Foley ဟာ
ေျပာင္းေရႊ႕လုပ္ကိုင္ရာကေန ၁၉၂၉ မွာထုတ္လုပ္တဲ့ Show boat ဆိုတဲ့အသံပါရုပ္ရွင္ဇာတ္ကားမွာ အသံအတုေတြစတင္ျပဳလုပ္အသံုျပဳခဲ့လို႔ သူ႔ရဲ႕ နံမည္ အစြဲျပဳျပီး Foley လို႔သံုးႏႈံးခဲ့တာပါ)။

ေနာက္တစ္နွစ္ဆိုရင္ Foley art က ႏွစ္၉၀ျပည့္ပါေတာ့မယ္။ ကၽြန္ေတာ္တို႔ဆီမွာေတာ့ အသံတုပညာရွင္ ဘဘဦးရဲျမင့္နဲ႔လူနည္းစုသာ က်န္ရွိပါေတာ့တယ္။ ေနာက္ေနာင္မ်ားမွာ သရုပ္ေဆာင္ေၾကးေတြသာအဆင့္မွီျပီး ပညာရွင္ေၾကးနည္းပါးေနရင္ေတာ့ (အမွားပါရင္ခြင့္လႊတ္ပါ)ပညာရွင္မ်ားတိမ္းပါးသြားရင္ ပညာပါသျဂိဳလ္ျပီးသားျဖစ္သြားမွာပါ။ Foley မွာ Feet,Moves,Specifics မ်ားရဲ႕အသံေတြကို အနီးအေဝး တစ္ထပ္တည္းက်ေအာင္ တစ္သားတည္းျဖစ္ေအာင္ ဖမ္းယူရပါတယ္။ Foley artist ကေတာ့ ပရိတ္ေတြ ယံုေအာင္ အစစ္အမွန္ထင္ေအာင္ တီထြင္ဖန္တီးရသူေတြပါ။ ဒါေၾကာင့္ The Beauty Of Lie လို႔တင္စားၾကတာျဖစ္ပါတယ္။

Sound Effects မ်ားသည္ အဖြဲ႔အစည္းတစ္ခုနွင့္တစ္ခု ကြဲလြဲတဲ့အျမင္နဲ႔စည္းမ်ဥ္းစည္းကမ္းေတြရွိၾကပါတယ္။သူလည္း Beauty Of Lie တစ္ခုပါပဲ။ ေယဘူယ်အားျဖင့္ေတာ့ အသံအထူးျပဳလုပ္ခ်က္ေတြ အသံကိုလူလုပ္အသံကို တဆင့့္ျပီးတဆင့္ ေျပာင္းလဲဖန္တီးတာေတြျဖစ္ပါတယ္။ ဥပမာ ကားတိုက္တဲ့အသံကိုဖန္းတီးရာမွာ ကားတစ္စီးတိုက္လိုက္ရုံနဲ႕မျပီးပဲ car slip, glass broke, plastic crush ေတြကို ေသခ်ာေပါင္းစည္းျပီးမွရလာတဲ့ effect ကိုဆိုလိုပါတယ္။ Hard sound effect ေတြကို online ကေန တရားဝင္ ဝယ္သံုးစြဲလို႔လဲရပါတယ္။ Foley ကိုလည္း Foley sound effect လို႔လည္း သံုးစြဲဲၾကပါတယ္။
Ambient (သို႔) Atmospheric ကေတာ့ ပတ္ဝန္းက်င္ကအသံေတြျဖစ္ပါတယ္။

ေနာက္ဆံုးမွာရွိေနလို႔ဆိုျပီးမေပါ့သင့္ပါဘူး Dialogue atmospheric နဲ႔ Ambient ေတြက ဘယ္ေနရာေရာက္ေနလဲ ဘယ္ေလာက္က်ယ္လဲက်ဥ္းလဲဆုိတာကို ေဖာ္ျပေနလို႔ပါ။ Dialogue ကေတာ့ Loud and Clear ပါ ဒါေပမယ့္ ambient မပါလာဘူးဆိုရင္ေတာ့ ဘယ္ေနရာပါလို႔ဘယ္ေလာက္ျပျပ ဟုတ္ေရာဟုတ္ရဲ႕လားလို႔ပဲထင္ၾကပါမွာ။ အဲ့လိုအကြက္မ်ိဳးက Horror scene မွာပဲသံုးသင့္တာပါ။ အဲဒီလိုမပါလာရင္ေတာ့ Location Sound Recordist ကို အျပစ္မတင္ၾကပါနဲ႔။ သူ႔ရဲ႕ Major မဟုတ္တဲ့အပိုင္းပါ။ သူက Dialogue ကိုပဲ အေကာင္းဆံုးဖန္တီးရမွာပါ။ Ambeint ကိုဖမ္းတဲ့အခါမွာ ကိုယ္သံုးမည္႔ stereo နဲ႔ surround sound format ေလးအတိုင္းအသံဖမ္းတာအေကာင္းဆံုးပါပဲ။ ဒါမွသာ post production သမားေတြကို ဒုကၡမေပးရာေရာက္မွာပါ။

ဒီေလာက္ဆိုရင္ေတာ့ ေတာ္ေတာ္ေလးနားလည္မယ္ထင္ပါတယ္။ အခ်ိန္မအားလို႔ စာျပန္ဖတ္ မအားလို႔သိသေလာက္ share ရျခင္းျဖစ္တဲ့အတြက္ မွားတာဆို ေထာက္ျပေပးေစလိုပါတယ္။ ဒါမွသာ ေနာက္ေနာင္ဖတ္တဲ့သူေတြအေပၚလြဲမွားတဲ့ဗဟုသုတ မေပးမိမွာျဖစ္ပါတယ္။


Unicode 


အသံနဲ့ပတ်သတ်လာရင် သိသာမြင်သာ တော်တော်များများအလေးအနက်ထားလာတဲ့ခေတ်မှာ Film, Movie, Documentary တွေနဲ့ပတ်သတ်တဲ့ အရေးကြီး အချက်တွေကိုရှင်းပြချင်တဲ့ဆန္ဒလေးဖြစ်လာလို့ ရေးလိုက်တာပါ။
Film, Movie, Documentary အသံမှာ အင်္ဂါရပ်၅ရပ်လိုအပ်ပါတယ် (ရုပ်ရှင်ကို အသားပေးပြီးရှင်းပြပါရစေ)
နံပါတ်၁၊ Dialogue
နံပါတ်၂၊ Music
နံပါတ်၃၊ Foley
နံပါတ်၄၊ Sound effect
နံပါတ်၅၊ Atmospheric (သို့) ambient တို့ပဲဖြစ်ပါတယ်

‌Dialogue ကတော့ ဘယ်လို ရုပ်သံအစီစဉ်ပဲဖြစ်ဖြစ် အင်မတန်အရေးပါပါတယ်။ သိလိုတဲ့information ကိုတိုက်ရိုက် (တစ်ချို့က အရုပ်နဲ့အသံ information ပေးတာ 30:70 တစ်ချို့ကတော့ 50:50 လို့ဆိုလို) ပေးတာပါပဲ။ ဒါကြောင့် loud and clear ဖြစ်ဖို့ အလိုအပ်ဆုံးပါ။ဒါကတော့ ရှင်းပါတယ် ဒီမှာ ရွှေခေတ်လို့ဆိုတဲ့အချိန်ကနေ ခုချိန်ထိ ပြီးပြည့်စုံအောင် မလုပ်ဆောင်နိုင်ကြသေးပါဘူး။
ဘာဖြစ်လို့လဲမေးရင် အင်မတန် လွယ်ကူတယ်ဆိုတဲ့အထင်နဲ့ ဒီလောက်ဆိုရပါပြီဆိုပြီး လောဘ နည်းခဲ့ကြလို့ပါ။ ရုပ်ရှင် Dialogue ဖမ်းတဲ့နေရာမှာ location sound recording နဲ့ post recording (ADR - automatic dialogue replacement) နှစ်မျိုး လုပ်ကိုင်ကြပါတယ်။ location sound recording ကိုတော့ ပြည်တွင်းမှာတော့ ၁၀၀% မှ ၉၀% အသုံးပြုကြပြီး Thought Voice နဲ့ Voice Over တောင် ဖြစ်သလိုသာ အသံဖမ်းခဲ့ကြပါတယ်။ နိုင်ငံတကာမှာတော့ ၇၀% မှ ၅၀% အသုံးပြုကြပါတယ်။

ပြည်တွင်းအသုံးပြုမှုတွေမှာ၁၀၀% အပြည့်သုံးတာ စင်းလုံးချောကောင်းလို့ မဟုတ်ပါဘူး။ ADR ကိုတော့ ကုန်ကျစရိတ်၊ နည်းပညာအလှမ်းဝေးခြင်း၊ အချိန်ကုန်ခြင်းတို့ကြောင့် မတတ်သာမှသာ ထိတွေ့ကြလို့ ဈေးကွက်လိုအပ်ချက်မရှိတာကြောင့် ဘယ်သူမှ တစ်စင်ထောင် ပြီး စီးပွားအောင်မလုပ်နိုင်ကြပါဘူး။ အခုအခါမှာတော့ Dubbingတွေကို entertainment တွေ၊Production တွေက လိုအပ်လာခဲ့အခါ ဒါကိုအားပြုတဲ့ Dubbing studio တွေပေါ်လာပါပြီ။ အားရစရာ professional အဆင့်ရောက်ဖို့တော့ အချိန်ပေးရအုံးမှာပါ။
ဒါကတော့ နိုင်ငံတကာမှာလဲ ADR ကို ငရဲခန်းလိုကြောက်လန့်ကြပါတယ်။ သရုပ်ဆောင်က တစ်ထပ်တည်းကျအောင် effort ကို အပြည့်ထည့်ရပါတယ် breathing (မောရင်မောသလို၊ပြေးရင်လည်းတကယ်ပြေးပြီး သရုပ်ဆောင်)ထည့်ရတာတွေ၊ fight scene ကပုံအတိုင်းတစ်ထပ်တည်းကျတဲ့အာမေကဋိတ်တွေကအစအပြည့်သရုပ်ဆောင်ရပြီး sync ဖြစ်အောင် အသံသရုပ်ဆောင်ရတာမို့ professionalတွေရော အနုပညာကျောင်းဆင်းတွေပါ ကျွတ်ကြပါတယ်။ ဒါအပြင် ADR editor ကလည်း scene ရဲ့နေရာအပေါ်မူတည်ပြီး effect တွေ processor တွေသုံးရတာကြောင့် ကျွမ်းကျင်မှုမရှိရင် အံဝင်ဂွင်ကျမဖြစ်ပါဘူး။ ဒါကြောင့်လည်း ရိုက်ကူးရေးမှာ အပြီးဖမ်း ဖြစ်သလိုဖမ်းတွေဖြစ်လာတာပါ။

Music(သို့)Music score/Background score ကဒုတိယအရေးအကြီးဆုံးနဲ့ emotion/feeling ကိုသရုပ်ဖော်တဲ့နေရာမှာ အရမ်းကိုအရေးပါပါတယ်။ သရုပ်ဆောင်အတွက် မျက်လုံးဆိုရင် အသံအတွက် Music ပါပဲ ဒါဆိုရင်တော့ရှင်းမှာပါ။ Music ကိုတော့ စကားသံမပါတဲ့ black and white ကတည်းက Screen အောက်နားမှာ Live တီးပြီးပြခဲ့တာတွေ ကျွန်တော်တို့ ဘိုးဘွားတွေမှီခဲ့ပါတယ်။ နိုင်ငံတကာနဲု့ယှဉ်မယ်ဆိုရင် ဒီအပိုင်းနဲ့သွားယှဉ်လို့ရမှာပါ။ Copyright လွတ်အောင်တော့ရွေးသွားပေါ့။ ဒါပေမယ့် တစ်ချို့တွေမှာတော့ film scoring ရဲ့အရေးကြီးတဲ့အချက်တွေကတော့ နည်းနည်းလွဲချော်နေဆဲပါပဲ။ music score မှာ သီချင်းတွေမူပိုင်ဝယ်ပြီး အစအဆုံးကိုသုံးခါလောက်ထည့်သုံးပြီးတော့ လွမ်းသလားမသိပျော်သလားမသိ ကလည်းဒီသီချင်း feel ကွေးပြီးလမ်းလေ ျှာက်လည်းဒီသီချင်း composer တွေသေသွားနေပြီလားမသိအောင် ရုပ်ရှင်ဇာတ်ကားတွေမှာ Editor တွေကို ဒုက္ခပေးပြီး professional မဟုတ်တဲ့အလုပ်နဲ့အရှက်ကွဲအောင်လုပ်တာက အဆိုးဆုံးပါပဲ။

 သီချင်းတွေဈေးသက်သာတဲ့နိုင်ငံမှာ OST လေးတော့ဝယ်သင့်တယ်ထင်ပါတယ်။ Feeling က ရုပ်ရှင်အတွက် အရေးပါနေတာကို music မှာပေါ့လေ ျှာ့ရင်တော့ လက်လက်ဆက်ဆက်ပင်လယ်စာဟာ ရေလုံပြုတ်လိုဖြစ်စေပါလိမ့်။ Digital ခေတ်မှာတော့ Scoring အတွက် DAW တွေ effect နဲ့ composer software တွေတော်တော်ပေါများလာတာက Budget ချွေတာပြီးလုပ်နေရတဲ့ တက်သစ်စ composer တွေအတွက် ကံကောာင်းခြင်းပါပဲ။ Music Theory ကတော့ ကျွမ်းကျင်တဲ့အပိုင်းမဟုတ်လို့ရေးဖို့လက်ရှောင်ပါရစေ။

Foley ကတော့ရိုက်ကူးရေးပြီးလို့ post production level ရောက်မှသာ လိုအပ်သမ ျှအသံအကုန်လုံးကို အသံတုပြန်လုပ်ပြီး ဖြည့်ဆည်းပေးရတာပါ။ (Foley ကို အသံတုလို့တော့ မသုံးပါရစေနဲ့။ ၁၉၂ရ The Jazz Singer ဆိုတဲ့ကို Warner Bros ကပထမဦးစွာ အသံစနစ်နဲ့ထုတ်လိုက်တဲ့အချိန်မှာ Universal က Radio လုပ်ငန်းအတွေ့အကြုံရှိတဲ့ဝန်ထမ်းတွေကိုခေါ်ယူတဲ့အချိန်ကစပြီး Universal ကို Jack Donovan Foley ဟာ
ပြောင်းရွှေ့လုပ်ကိုင်ရာကနေ ၁၉၂၉ မှာထုတ်လုပ်တဲ့ Show boat ဆိုတဲ့အသံပါရုပ်ရှင်ဇာတ်ကားမှာ အသံအတုတွေစတင်ပြုလုပ်အသုံပြုခဲ့လို့ သူ့ရဲ့ နံမည် အစွဲပြုပြီး Foley လို့သုံးနှုံးခဲ့တာပါ)
နောက်တစ်နှစ်ဆိုရင် Foley art က နှစ်၉ဝပြည့်ပါတော့မယ်။ ကျွန်တော်တို့ဆီမှာတော့ အသံတုပညာရှင် ဘဘဦးရဲမြင့်နဲ့လူနည်းစုသာ ကျန်ရှိပါတော့တယ်။ နောက်နောင်များမှာ သရုပ်ဆောင်ကြေးတွေသာအဆင့်မှီပြီး ပညာရှင်ကြေးနည်းပါးနေရင်တော့ (အမှားပါရင်ခွင့်လွှတ်ပါ)ပညာရှင်များတိမ်းပါးသွားရင် ပညာပါသဂြိုလ်ပြီးသားဖြစ်သွားမှာပါ။ Foley မှာ Feet,Moves,Specifics များရဲ့အသံတွေကို အနီးအဝေး တစ်ထပ်တည်းကျအောင် တစ်သားတည်းဖြစ်အောင် ဖမ်းယူရပါတယ်။ Foley artist ကတော့ ပရိတ်တွေ ယုံအောင် အစစ်အမှန်ထင်အောင် တီထွင်ဖန်တီးရသူတွေပါ။ ဒါကြောင့် The Beauty Of Lie လို့တင်စားကြတာဖြစ်ပါတယ်။

Sound Effects များသည် အဖွဲ့အစည်းတစ်ခုနှင့်တစ်ခု ကွဲလွဲတဲ့အမြင်နဲ့စည်းမျဉ်းစည်းကမ်းတွေရှိကြပါတယ်။သူလည်း Beauty Of Lie တစ်ခုပါပဲ။ ယေဘူယျအားဖြင့်တော့ အသံအထူးပြုလုပ်ချက်တွေ အသံကိုလူလုပ်အသံကို တဆင့်ပြီးတဆင့် ပြောင်းလဲဖန်တီးတာတွေဖြစ်ပါတယ်။ ဥပမာ ကားတိုက်တဲ့အသံကိုဖန်းတီးရာမှာ ကားတစ်စီးတိုက်လိုက်ရုံနဲ့မပြီးပဲ car slip, glass broke, plastic crush တွေကို သေချာပေါင်းစည်းပြီးမှရလာတဲ့ effect ကိုဆိုလိုပါတယ်။ Hard sound effect တွေကို online ကနေ တရားဝင် ဝယ်သုံးစွဲလို့လဲရပါတယ်။ Foley ကိုလည်း Foley sound effect လို့လည်း သုံးစွဲကြပါတယ်။
Ambient (သို့) Atmospheric ကတော့ ပတ်ဝန်းကျင်ကအသံတွေဖြစ်ပါတယ်။
နောက်ဆုံးမှာရှိနေလို့ဆိုပြီးမပေါ့သင့်ပါဘူး Dialogue atmospheric နဲ့ Ambient တွေက ဘယ်နေရာရောက်နေလဲ ဘယ်လောက်ကျယ်လဲကျဉ်းလဲဆိုတာကို ဖော်ပြနေလို့ပါ။ Dialogue ကတော့ Loud and Clear ပါ ဒါပေမယ့် ambient မပါလာဘူးဆိုရင်တော့ ဘယ်နေရာပါလို့ဘယ်လောက်ပြပြ ဟုတ်ရောဟုတ်ရဲ့လားလို့ပဲထင်ကြပါမှာ။ အဲ့လိုအကွက်မျိုးက Horror scene မှာပဲသုံးသင့်တာပါ။ အဲဒီလိုမပါလာရင်တော့ Location Sound Recordist ကို အပြစ်မတင်ကြပါနဲ့။ သူ့ရဲ့ Major မဟုတ်တဲ့အပိုင်းပါ။ သူက Dialogue ကိုပဲ အကောင်းဆုံးဖန်တီးရမှာပါ။ Ambeint ကိုဖမ်းတဲ့အခါမှာ ကိုယ်သုံးမည့် stereo နဲ့ surround sound format လေးအတိုင်းအသံဖမ်းတာအကောင်းဆုံးပါပဲ။ ဒါမှသာ post production သမားတွေကို ဒုက္ခမပေးရာရောက်မှာပါ။


ဒီလောက်ဆိုရင်တော့ တော်တော်လေးနားလည်မယ်ထင်ပါတယ်။ အချိန်မအားလို့ စာပြန်ဖတ် မအားလို့သိသလောက် share ရခြင်းဖြစ်တဲ့အတွက် မှားတာဆို ထောက်ပြပေးစေလိုပါတယ်။ ဒါမှသာ နောက်နောင်ဖတ်တဲ့သူတွေအပေါ်လွဲမှားတဲ့ဗဟုသုတ မပေးမိမှာဖြစ်ပါတယ်။
 

No comments:

Post a Comment